၂၅.၁၀.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနုုိင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးH.E. Mr. Scot Marciel၊ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးH.E. Mr. Peter Lysholt Hansenနှင့် ဗြိတိန် နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Patrick တို့က (၂၄-၁၀-၂၀၁၇) မွန်းလွဲပိုင်းတွင် အဆိုပါ ၀န်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
လာရောက်တွေ့ဆုံရာတွင် ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထား သည့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့်တိုးတက်မှုများကို အသိအမှတ် ပြုပါကြောင်း၊ပြည်သူများ၏အင်အားကို ဖိတ်ခေါ်တည်ထောင်ထားသည့် UEHRD၏ လုပ်ငန်း တာဝန်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာကော်မတီများနှင့် ၄င်းတို့၏ ဆက်စပ်ပတ်သက်နေသော လုပ်ငန်းများ၊ အရှိန်မြှင့်ဆောင်ရွက်နေသော လူသားချင်းစာနာကူညီမှုဆိုင်ရာအထောက်အပံ့ ပေးရေးကိစ္စရပ်များ၊ UEHRD၏ အဓိကရည်ရွယ်ချက်များဖြစ်သော လူသားချင်းစာနာ ကူညီ ထောက်ပံ့မည့်အစီအစဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းတာဝန် အသီးသီးအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဦးစားပေးလုပ်ငန်းနှင့် နေရာ ဒေသများရွေးချယ်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေမှုများ၊ Diversity Management Forum ကျင်းပ၍ မတူခြားနားမှုများအား နားလည်လက်ခံလာစေရေး ချဉ်းကပ်နည်းလမ်းများ ရှာဖွေဖော်ထုတ်မည့်ကိစ္စရပ်များ၊ ဒေါက်တာ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်အကောင်အထည်ဖော်မှုများ၊ ရခိုင်ပြည်နယ် ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပညာသင်ဆုများ ထောက်ပံ့နိုင်ရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။