၂၆-၁၀-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ (၂၀၀) ဦးတို့ထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)