ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ ~ ၁၂း၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်ထွက်ရှိရေးနောက်ဆုံးအဆင့်အစည်းအဝေး” ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ကော်မတီအဖွဲ့ဝင်များနှှင့် Actionaid Myanmar၊ UN-Habitat မှ တာဝန်ရှိသူများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြပြီး ဖျာပုံခရိုင်ဦးစီးမှူး (ကဆရ) နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ အမှာစကားပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)