(၂၀-၁၀-၂၀၁၇) ရက်နေ့၊ နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာအုပ်စု၊ မန်လွယ်(ထ)ကျေးရွာနေ ဒေါ်အေးနန်းနှင့် လုံတောက်ကျေးရွာအုပ်စု၊ လုံတောက်ကျေးရွာနေ ဦးလှဆိုင်တို့သည် ၄င်း၏ လက်ဖက်ခြံသို့ သွားရောက်စဉ် မိုင်းနင်းမိပြီး သေဆုံးသွားပါသဖြင့် သေဆုံးသွားသူ (၂) ဦးအတွက် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တစ်ဦးလျှင် ကျပ် (၃၀၀၀၀၀) စီဖြင့် စုစုပေါင်း (၂) ဦးအတွက် (၆၀၀၀၀၀) ကျပ်တိတိကို လည်းကောင်း၊
(၂၂-၁၀-၂၀၁၇) ရက်နေ့တွင် ဟူးမန်းကျေးရွာအုပ်စု ဟူးမန်းကျေးရွာနေ ဦးအိုက်ခမ်းနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဘေးသင့်ခဲ့သည့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ကျသင့်ငွေ (၁၆၈၀၀) ကျပ်ကိုလည်းကောင်း၊
(၂၅-၁၀-၂၀၁၇) ရက်နေ့တွင် နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထုတ်ပေးထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)