Author Archives: Department of Disaster Management
-
ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ် ကျင်းပပြုလုပ်မှုသတင်း
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မဲခင်းချောင်ကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာ၌ ”ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်” ကို (၂၈.၁၂.၂၀၁၈) ရက်နေ့၊ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀) နာရီချိန်အထိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်အောင်မြို့နယ်ကြက်ခြေနီ၊ ရပ်ရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဉ်၌ ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်မည့်သူများ ဆောင်ရွက်ရန် နည်းလမ်းများအား သရုပ်ပြဆွေးနွေးခြင်း၊ အစမ်းလေ့ကျင့်ခြင်း၊ သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့ရာ၌ ကဏ္ဍအလိုက် … Read more
-
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာ၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းအား ချောင်းဆုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဌာန များ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၅၀၀) ဦးခန့်ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #simex_str #mon_dec2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး အမျိုးသားလူနာဆောင် အပေါ်ထပ်၌ (၂၄-၁၂-၂၀၁၈)ရက်နေ့ညတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားလူနာဆောင်နှစ်ထပ် အဆောက်အဦနှင့်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး လူသေဆုံးထိခိုက်မှု မရှိပါကြောင်းနှင့် အဆိုပါ မီးဘေးသင့် စိတ်ကျန်းမာရေးလူနာများအတွက် ပုဆိုး (၁၀၀)ထည်၊ စပို့ရှပ် (၁၀၀) ထည်၊ ဆပ်ပြာ(၁၀၀) တောင့်၊ ဖိနပ်(၁၀၀) ရံ၊ ရေသန့် (၅) လီတာဘူး (၁၀၀)ဘူးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများက (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် လက်ဝယ်အရောက် … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာ၌ (၂၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) အချိန်တွင် ဦးဝင်းကျော်မိုး၏နေအိမ် တီဗွီစင်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၂၅,၂၀ဝ/-) … Read more
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်း အနားအား ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2018
-
ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးအနီး၌ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌနှင့်တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပါသည်။ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်းအား ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီမှ (၂း၅၀) နာရီအထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရွာသူ/သား (၂၀) ဦးနှင့် ကျောင်းသား/သူ (၁၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၌ (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နေလယ် (၁၅း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဝင်များ၊ ပြည်သူများ၊ စုစုပေါင်းလူဦးရေ (၁၁၀) ဦးခန့်တက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၉) နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်သူ (၁၀၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအာကာတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ၊ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ နံနက်စာဖြင့်တည်ခင်း ဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းအား (၂၆-၁၂-၂၀၁၈) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာ ဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှတက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် (၂၀) ဦးသင်တန်းသား/သူ (၃၀) ဦးစုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၆-၁၂-၂၀၁၈) ရက်နေ့မှ (၂၈-၁၂-၂၀၁၈) ရက်နေ့အထိ … Read more
