သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပမှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာ ဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှတက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် (၂၀) ဦးသင်တန်းသား/သူ (၃၀) ဦးစုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၆-၁၂-၂၀၁၈) ရက်နေ့မှ (၂၈-၁၂-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

# ar

#rke_dec2018

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events