ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မဲခင်းချောင်ကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာ၌ ”ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်” ကို (၂၈.၁၂.၂၀၁၈) ရက်နေ့၊ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀) နာရီချိန်အထိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်အောင်မြို့နယ်ကြက်ခြေနီ၊ ရပ်ရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဉ်၌ ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်မည့်သူများ ဆောင်ရွက်ရန် နည်းလမ်းများအား သရုပ်ပြဆွေးနွေးခြင်း၊ အစမ်းလေ့ကျင့်ခြင်း၊ သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့ရာ၌ ကဏ္ဍအလိုက် အားနည်းချက်၊ အားသာချက်၊ ထပ်မံဖြည့်ဆည်းရမည့် လိုအပ်ချက်များတွေ့ရှိခဲ့ရမှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး အကြံပြုခြင်း၊ အသက်ကယ်အကျီၤများ၊ ရေဒီယိုနှင့် Hand Speaker များ ပေးအပ်ခြင်း၊ စားသောက် စရာများပေးဝေခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#simex_fld
#ayy_dec2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)