လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာ၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းအား ချောင်းဆုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဌာန များ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၅၀၀) ဦးခန့်ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#simex_str
#mon_dec2018
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)