လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့ ၊ နံနက် (၉) နာရီအချိန်တွင် မိုင်းပျဉ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်သူ (၁၀၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအာကာတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ၊ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ နံနက်စာဖြင့်တည်ခင်း ဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းအား (၂၆-၁၂-၂၀၁၈) ရက်နေ့မှ (၂၈-၁၂-၂၀၁၈) ရက်နေ့ထိ (၃) ရက်သင်တန်းဖြစ်ပြီး၊ သင်တန်းသား (၃၀) ဦးတက် ရောက်ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး