ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း

27 Pic_01 27 Pic_02 27 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးအနီး၌ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌနှင့်တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပါသည်။ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်းအား ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အမှတ် (၅) ရပ်ကွက်မှ ဒေသခံပြည်သူ (၅၀) ဦး၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သဘာဝဘေးလျော့ပါးရေး   စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းမှ သင်တန်းဆင်း လူငယ်များ၊ စုစုပေါင်းလူဦးရေ (၂၀၀) ဦး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

#simex_eqk

#krn_dec2018

Sign Up

Upcoming Events