မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

28 Pic_01 28 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာ၌ (၂၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) အချိန်တွင် ဦးဝင်းကျော်မိုး၏နေအိမ် တီဗွီစင်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၂၅,၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စုစာအား (၂၇-၁၂-၂၀၁၈) ရက်နေ့၊ နေ့လယ် (ဝ၂း၀၀) အချိန်တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#Kcn_dec2018

 

Sign Up

Upcoming Events