ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုသတင်း

29_Pic_03 29_Pic_02 29_Pic_01

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး အမျိုးသားလူနာဆောင် အပေါ်ထပ်၌ (၂၄-၁၂-၂၀၁၈)ရက်နေ့ညတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားလူနာဆောင်နှစ်ထပ် အဆောက်အဦနှင့်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး လူသေဆုံးထိခိုက်မှု မရှိပါကြောင်းနှင့် အဆိုပါ မီးဘေးသင့် စိတ်ကျန်းမာရေးလူနာများအတွက် ပုဆိုး (၁၀၀)ထည်၊ စပို့ရှပ် (၁၀၀) ထည်၊ ဆပ်ပြာ(၁၀၀) တောင့်၊ ဖိနပ်(၁၀၀) ရံ၊ ရေသန့် (၅) လီတာဘူး (၁၀၀)ဘူးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများက (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fir

#ygn_dec2018

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events