သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း

27 Pic_01 27 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၌ (၂၆-၁၂-၂၀၁၈) ရက်နေ့၊ နေလယ် (၁၅း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဝင်များ၊ ပြည်သူများ၊ စုစုပေါင်းလူဦးရေ (၁၁၀) ဦးခန့်တက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#ygn_dec2018

Sign Up

Upcoming Events