Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ခုံတိုးမြို့သာကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ အရှေ့စည်းကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့ရှိ အမိုးလန်အိမ်ခြေ (၁၆) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-)ကျပ်အား စီမံခန့်ခွဲမှုကော်မတီခန်းမ၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_may2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၁၈.၅.၂၀၁၉)ရက်နေ့(၁၆း၃၀)အချိန်၌ တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အောင်သပြေကျေးရွာ အုပ်စု၊ အေးသာယာကျေးရွာတွင် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း ဖြစ်ပွားခဲ့သော လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခါဖိုးရန်ပုံငွေ(၆,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆,၃၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိဝန်ထမ်းများသည် (၂၁.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ဲကြောင်း … Read more

  • ဗီ်ွနိုင်းအသစ် လဲလှယ်စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် မိုးကြိုကာလ (ဧပြီလနှင့် မေလ)နှင့် မိုးနှောင်းကာလ (အောက်တိုဘာလနှင့် နိုဝင်ဘာလ) များတွင် ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုး ဘေးနှင့်စပ်လျဉ်းပြီး ပြည်သူအများ သတိပြုနိုင်စေရန် ရည်ရွယ်၍ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား ပုဂံမြို့သစ်၊ လမ်းမတော် မြို့လယ်ဘုရားမြောက်ဘက်၊ ကျော်စွာရပ်၌ စိုက်ထူထားသော မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်နေရာတွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ အစားထိုးလဲလှယ်တပ်ဆင်စိုက်ထူခဲ့ပြီး ဆက်လက်၍ လောကနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားများသို့ ဘုရားဖူးလာရောက်ကြသော မိဘပြည်သူများထံ သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးလက်ကမ်းစာစောင်များကို … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၅-၅-၂၀၁၉)ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု(၁၉)အုပ်စုတို့တွင် ပြိုလဲနေအိမ်(၁၄)လုံးနှင့် အမိုးလန်နေအိမ်(၄၃၆)လုံးနှင့် ဘုန်းကြီးကျောင်း(၄)ကျောင်းတို့အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၉၁၆၅၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၁၄)လုံးမှ လူဦးရေ (၄၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၈၄၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၉၀၀၀၅၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၁၄)အိမ်ထောင်စာအား(၁၁:၃၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_may2019 Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ရှိုင်းကျေးရွာ၊ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်း၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #npw_may2019 … Read more

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာအုပ်စု၊ ဂျမ်းလှီးကျေးရွာရှိ အိမ်ထောင်စု (၁၀၅)စုမှ လူဦးရေ (၅၀၀)ဦးအတွက် ရေဂါလံ (၁,၆၀၀) ကို တောင်ဇင်းမြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။   #ha_drg #mdy_may2019 Source:ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) ကျင်းပပြုလုပ်မှုသတင်း

      (၂၁.၅.၂၀၁၉)ရက်နေ့တွင် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် CERA အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်းအခန်းအနားနှင့် အကြံဉာဏ်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လုပ်ငန်းအကြောင်းအရာများရှင်းပြခြင်း၊ CERA အဖွဲ့အစည်း၏ ဒါရိုက်တာ ဦးကျော်နိုင်စိုးမှ ဆွေးေမြေပုံခန်းအနားရည်ရွယ်ချက်များအား ရှင်းပြပေးခြင်းများနှင့်တကွ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၃)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂)ဦး၊ စုစုပေါင်းတက်ရောက်လူဦးရေ(၅၀)ဦးခန့်တို့နှင့်အတူ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဖြူးမြို့နယ်၊ လှသင်းမောင်ကျေးရွာ အုပ်စု၊ လှသင်းမောင်ကျေးရွာနှင့် ကင်မွန်းခြုံကျေးရွာတို့ရှိ အမိုးလန်နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၄၇၀၀၀/-) ကျပ်ကို တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉)ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ အုပ်စု(၅)အုပ်စုတို့တွင် အမိုးလန်နေအိမ်(၂၈)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၉၈၇၅၀၀/-)ကျပ်၊ပြိုလဲနေအိမ်(၂)လုံးမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၀၀၄၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ (၁၉-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၃)အုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃၇)လုံးနှင့် ပြိုလဲနေအိမ်(၁၀)လုံးတို့အတွက် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံငွေ(၂၂၁၈၅၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၀)လုံးမှ လူဦးရေ(၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၇၉၈၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံငွေ(၂၂၉၈၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ) (၁၀)အိမ်ထောင်စာအား(၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ကျေးရွာနှင့် ကသစ်ကန်ကျေးရွာတို့တွင် (၁၆.၅.၂၀၁၉)ရက်နေ့၊ (၁၈:၃၀)နာရီမှ (၁၈:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၃)လုံးနှင့် နေအိမ်(၁၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ စုစုပေါင်း(၇၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၅၉၀၀/-၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀/-၊ အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၇၉၀၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၈၄၄၉၀၀/- ၊ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိ ု း- (၃)အိမ်ထာင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး-(၁၅)အိမ်ထောင်စာတို့အား (၂၀.၅.၂၀၁၉) … Read more

Sign Up

Upcoming Events