လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ခုံတိုးမြို့သာကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ အရှေ့စည်းကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့ရှိ အမိုးလန်အိမ်ခြေ (၁၆) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-)ကျပ်အား စီမံခန့်ခွဲမှုကော်မတီခန်းမ၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)