ဗီ်ွနိုင်းအသစ် လဲလှယ်စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း

21_Pic_02 21_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး
ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် မိုးကြိုကာလ (ဧပြီလနှင့် မေလ)နှင့် မိုးနှောင်းကာလ (အောက်တိုဘာလနှင့် နိုဝင်ဘာလ) များတွင် ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုး ဘေးနှင့်စပ်လျဉ်းပြီး ပြည်သူအများ သတိပြုနိုင်စေရန် ရည်ရွယ်၍ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား ပုဂံမြို့သစ်၊ လမ်းမတော် မြို့လယ်ဘုရားမြောက်ဘက်၊ ကျော်စွာရပ်၌ စိုက်ထူထားသော မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်နေရာတွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ အစားထိုးလဲလှယ်တပ်ဆင်စိုက်ထူခဲ့ပြီး ဆက်လက်၍ လောကနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားများသို့ ဘုရားဖူးလာရောက်ကြသော မိဘပြည်သူများထံ သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#mdy_may2019
Source:ညောင်ဦးခရိုင်ဦးစီးမှူး(ဘစမ)

Sign Up

Upcoming Events