လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
21_Pic_01
(၁၈.၅.၂၀၁၉)ရက်နေ့(၁၆း၃၀)အချိန်၌ တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အောင်သပြေကျေးရွာ အုပ်စု၊ အေးသာယာကျေးရွာတွင် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း ဖြစ်ပွားခဲ့သော လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခါဖိုးရန်ပုံငွေ(၆,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆,၃၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိဝန်ထမ်းများသည် (၂၁.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ဲကြောင်း သိရှိရပါသည်။
 
#ha_sgw
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events