Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ် (၄) ရပ်ကွက်၌ (၁၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၃၁၀၀/-) ကျပ်အား (၂၁-၅-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကညင်သောင်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာတွင် (၂၀-၅- ၂၀၁၉)နေ့ လယ်ကွင်းထဲတွင်စပါးကျဲနေစဉ် လျှပ်တပြက်မိုးကြိုးပစ်ခတ် ခဲ့မှုကြောင့် သေဆုံးသွားခဲ့သော ကလေး(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀) ကျပ်ကို (၂၁-၅-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၀-၅-၂၀၁၉)ရက်နေ့ (၁၆:၄၀)အချိန်၌ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝ ကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံးပြီး လူ(၁)ဦး ဒဏ်ရာရခဲ့ရာ (၂၁-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းကျပ် (၃၅၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ #ha_tls #krn_may2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စေတုတ္တရာမြို့နယ်၊ ကျေးရွာ (၄) ရွာတို့ရှိ အမိုးလန် အိမ်ခြေ (၅၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၈၇၀၀၀၀/-) ကျပ်၊ ဘုန်းတော် ကြီးကျောင်း (၄) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၆၄၁၀၀/-) … Read more
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်း
မေ ၂၁၊ နေပြည်တော် ************** *ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့ မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ *ဆွေးနွေးရာတွင် လုပ်ငန်းအဖွဲ့၏ တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံပြီး မှီခိုကင်းစွာ ဂုဏ်သိက္ခာရှိရှိဘဝရပ်တည်နေနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် … Read more
-
ဒဏ်ရာရထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာအုပ်စု၊ မလာကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မာလာကျေးရွာမှ ဒဏ်ရာရရှိသူ (၁) ဦး နှင့် မင်းပြားမြို့နယ်၊ လဟာကျယ်ကျေးရွာအုပ်စု၊ လဟာကျယ်ကျေးရွာတွင် အမည်မသိလူ (၅) ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ (၁) ဦးတို့အတွက် (၅၀၀၀၀/-) ကျပ် နှုန်းဖြင့် ဒဏ်ရာရထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဒဏ်ရာရ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဖောင်းက ွဲကျေးရွာ အုပ်စု တည်ပင်ကျေးရွာ၌ မီးဘေးသင့် ပျက်စီးအိမ်ခြေ (၂)လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀၀/-) ကျပ်၊ အိမ်ခြေ(၂) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ စုစုပေါင်း (၂၂၉၄၀၀/-) … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀)အချိန်မှ(၁၅:၀၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာအုပ်စု၊ထန်းတောကြီးကျေးရွာ၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၅၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_may2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၇) စု လူဦးရေ (၂၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် (၁) လစာ ဆန်ရိက္ခာဖိုး (၂၅၂၀၀၀/-) ကျပ်တို့ကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဖောင်းကွဲကျေးရွာအုပ်စု တည်ပင်ကျေးရွာ၌ အမိုးလန် အိမ်ခြေ (၄)လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် အမိုးလန်အိမ် (၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၆)ဦး အတွက် ဆန်ရိက္ခာဖိုး (၃၃၆၀၀/-) ကျပ်၊ အမိုးလန်အိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၁၁၃၆၀၀/-) ကျပ် (ကျပ်တစ်သိန်းတစ်သောင်း … Read more
