လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀)အချိန်မှ(၁၅:၀၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာအုပ်စု၊ထန်းတောကြီးကျေးရွာ၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၅၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)