မီးဘေးထောက်ပံ့မှုသတင်း

21_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဖောင်းက ွဲကျေးရွာ အုပ်စု တည်ပင်ကျေးရွာ၌ မီးဘေးသင့် ပျက်စီးအိမ်ခြေ (၂)လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀၀/-) ကျပ်၊ အိမ်ခြေ(၂) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ စုစုပေါင်း (၂၂၉၄၀၀/-) ကျပ် (ကျပ်နှစ်သိန်းနှစ်သောင်းကိုးထောင့်လေးရာတိတိ)ကို မြိုင်မြို့နယ် အထွေ ွထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဖောင်းကွဲကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့နှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#mgy_may2019

Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events