လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ် (၄) ရပ်ကွက်၌ (၁၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၃၁၀၀/-) ကျပ်အား (၂၁-၅-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)