လေဘေးထောက်ပံ့မှုသတင်း

22 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စေတုတ္တရာမြို့နယ်၊ ကျေးရွာ (၄) ရွာတို့ရှိ အမိုးလန် အိမ်ခြေ (၅၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၈၇၀၀၀၀/-) ကျပ်၊ ဘုန်းတော် ကြီးကျောင်း (၄) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၆၄၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃၄၁၀၀/-) ကျပ်တို့အား (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events