လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဖောင်းကွဲကျေးရွာအုပ်စု တည်ပင်ကျေးရွာ၌ အမိုးလန် အိမ်ခြေ (၄)လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် အမိုးလန်အိမ် (၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၆)ဦး အတွက် ဆန်ရိက္ခာဖိုး (၃၃၆၀၀/-) ကျပ်၊ အမိုးလန်အိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၁၁၃၆၀၀/-) ကျပ် (ကျပ်တစ်သိန်းတစ်သောင်း သုံးထောင့်ခြောက်ရာတိတိ)ကို မြိုင်မြို့နယ် အထွေ ွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖောင်းကွဲကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့နှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)