မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

 
22_Pic_01
(၂၀-၅-၂၀၁၉)ရက်နေ့ (၁၆:၄၀)အချိန်၌ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာအုပ်စု၊ ကော့စိန်ချောင်းဝ ကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံးပြီး လူ(၁)ဦး ဒဏ်ရာရခဲ့ရာ (၂၁-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းကျပ် (၃၅၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
#ha_tls
#krn_may2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events