ဒဏ်ရာရထောက်ပံ့မှုသတင်း

21_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာအုပ်စု၊ မလာကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မာလာကျေးရွာမှ ဒဏ်ရာရရှိသူ (၁) ဦး နှင့် မင်းပြားမြို့နယ်၊ လဟာကျယ်ကျေးရွာအုပ်စု၊ လဟာကျယ်ကျေးရွာတွင် အမည်မသိလူ (၅) ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ (၁) ဦးတို့အတွက် (၅၀၀၀၀/-) ကျပ် နှုန်းဖြင့် ဒဏ်ရာရထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဒဏ်ရာရ လူနာများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_may2019

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ

Sign Up

Upcoming Events