လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၇) စု လူဦးရေ (၂၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် (၁) လစာ ဆန်ရိက္ခာဖိုး (၂၅၂၀၀၀/-) ကျပ်တို့ကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_may2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)