Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ (ညောင်သေး၊ ဆိတ်ဖူးကုန်း၊ အင်းလွယ်) ကျေးရွာတို့တွင် (၂၁-၅-၂၀၁၉)နေ့လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၃) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၆)လုံး စုစုပေါင်းအိမ်ခြေ (၉) လုံး ၎င်းအိမ်ထာင်စု (၉) စုရှိလူဦးရေ (၄၁) ဦးတို့အတွက် (၃၂၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၄၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုး (၈၆၁၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၈၂၆၁၀၀)ကျပ်ကိုလည်းကောင်း၊ (၂၃-၅-၂၀၁၉) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးခဲ့သော မင်းဘူးမြို့နယ်၊ ကျေးရွာ (၁၆) ရွာတို့ရှိ ပြိုကျအိမ်ခြေ (၁၅) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၅၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ (၂၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၄,၃၈၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၈၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁,၀၀၃) ဦးအတွက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်တွင် (၈.၅.၂၀၁၉)ရက်နေ့၊ (၂၁.၅.၂၀၁၉)ရက်နေ့နှင့် (၂၂.၅.၂၀၁၉)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကူးကျေးရွာအုပ်စု၊ နန္တိကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာတို့တွင် နေအိမ်(၉၇)လုံးအမိုးလန်ပျက်စီးခဲ့၍ နေအိမ်(၁၄)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁၁)စုမှ လူဦးရေ(၄၇၂)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် (၂၃.၅.၂၀၁၉) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၂၀,၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၉၉၁,၂၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၇၀,၁၁,၂၀၀)အား သက်ဆိုင်ရာမြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂအထူး ကိုယ်စားလှယ်များ၊ Norwegian People’s Aid အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံ
မေ ၂၃၊ နေပြည်တော် ^^^^^^^^^^^^^^^^^ * နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်သော ပဋိပက္ခများအတွင်း လိင်အကြမ်း ဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာညီလာခံတက်ရောက်ရန်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မေလ ၂၂ရက်နေ့ နေ့လည်ပိုင်းတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten ၊ Norwegian People’s Aid အဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Ms. Henriette Killi Westhrin၊ မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
မေ ၂၃၊ နေပြည်တော် * လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ * ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNHCR အဖွဲ့အစည်းတို့အကြား နားလည်မှုစာချွန်လွှာကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်သည့် … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉)ရက်နေ့၊ (၁၂:၀၀) မှ (၁၄:၀၀)နာရီအထိ လှည်းကူးမြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လူထု(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါတက်ရောက် လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လှည်းကူးမြို့နယ်အတွင်း လေပြင်းဘေးထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် (၈.၅.၂၀၁၉)ရက်နေ့၊ (၂၁.၅.၂၀၁၉)ရက်နေ့နှင့် (၂၂.၅.၂၀၁၉) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကူးကျေးရွာအုပ်စု၊ နန္တိကျေးရွာအုပ်စု၊ မရမ်းချောင် ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာတို့တွင် နေအိမ်(၉၇)လုံးအမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁၄)လုံး ပြိုကျပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၁၁၁)စုမှ လူဦးရေ(၄၇၂)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃.၅.၂၀၁၉) ရက်နေ့တွင် အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၆,၀၂၀,၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ် (၉၉၁,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၀၁၁,၂၀၀) ကျပ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့/ဖာတကျေးရွာအုပ်စု၊ ဟာနမ့်ကျင် (အောက်) ကျေးရွာ၌ လူနေအိမ် (၂၂) လုံး၊ မိုင်းပျင်း (အောက်) ကျေးရွာရှိ လူနေအိမ် (၄) လုံးအမိုးလန်ပျက်စီးခဲ့ရာ အဆိုပါအမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၆၀၀၀၀/-) ကျပ်နှင့် တန်ဖိုးငွေ (၂၀၀၁၆၀/-) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စာအား (၂၃-၅-၂၀၁၉) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်( မအူပင်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ) မြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်း များဖြစ်ပွားခဲ့ပါသဖြင့် မအူပင်မြို့နယ်၊နတ်စဉ် ၊တော်တလုပ်နှင့် ပေါက်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာခွဲ(၄)၌ ပြိုကျနေအိမ်( ၇) လုံး အိမ်ထောင်စု( ၇) စုအတွက် အိမ်ထောင်စု (၁) စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆ ) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ( ၇၀၀,၀၀၀ ) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၂) လုံး အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်၊ လူဦးရေ( … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကန်ကြီးကုန်း (တဲတိုက်) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၅၆၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
