လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်တွင် (၈.၅.၂၀၁၉)ရက်နေ့၊ (၂၁.၅.၂၀၁၉)ရက်နေ့နှင့် (၂၂.၅.၂၀၁၉)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကူးကျေးရွာအုပ်စု၊ နန္တိကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာတို့တွင် နေအိမ်(၉၇)လုံးအမိုးလန်ပျက်စီးခဲ့၍ နေအိမ်(၁၄)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁၁)စုမှ လူဦးရေ(၄၇၂)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် (၂၃.၅.၂၀၁၉) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၂၀,၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၉၉၁,၂၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၇၀,၁၁,၂၀၀)အား သက်ဆိုင်ရာမြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_may2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)