လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးခဲ့သော မင်းဘူးမြို့နယ်၊ ကျေးရွာ (၁၆) ရွာတို့ရှိ ပြိုကျအိမ်ခြေ (၁၅) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၅၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ (၂၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၄,၃၈၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၈၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁,၀၀၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂,၁၀၆,၃၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈,၇၈၀,၀၀၀) ကျပ်တို့အား (၂၃-၅-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events