လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ (ညောင်သေး၊ ဆိတ်ဖူးကုန်း၊ အင်းလွယ်) ကျေးရွာတို့တွင် (၂၁-၅-၂၀၁၉)နေ့လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၃) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၆)လုံး စုစုပေါင်းအိမ်ခြေ (၉) လုံး ၎င်းအိမ်ထာင်စု (၉) စုရှိလူဦးရေ (၄၁) ဦးတို့အတွက် (၃၂၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၄၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုး (၈၆၁၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၈၂၆၁၀၀)ကျပ်ကိုလည်းကောင်း၊ (၂၃-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့် အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)