Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာ၌ (၂၀-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၆၃၀၀/-)၊ စုစုပေါင်း (၁၀၆၃၀၀/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၄-၅-၂၀၁၉) ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source: … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၁၀) စုအတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကိုလည်းကောင်း၊ ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၅) စုအတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ ပေါက်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်မြောက်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၇၀) စုအတွက် သောက်သုံး ရေဂါလံ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အောင်ချမ်းသားကွက်သစ်ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၀) စု၊ လူဦးရေ (၅၀၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်)ကျင်းပပြုလုပ်မှုသတင်း
(၂၃.၅.၂၀၁၉)ရက်နေ့တွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် CERA အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားနှင့် အကြံဉာဏ်များ ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) အား ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အခမ်းအနားအဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ ဦးစီးအရာရှိမှ ဝန်ကြီးဌာန၊ ဦးစီးဌာန၏ လုပ်ငန်းစဉ်အကြောင်းအရာများရှင်းပြခြင်း၊ CERA အဖွဲ့အစည်းမှ တာဝန်ရှိသူများ အခမ်းအနားရည်ရွယ်ချက်များအား ရှင်းပြပေးခြင်းများပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း (၂၅)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူ း(၁၀)ဦး၊ စုစုပေါင်းလူဦးရေ(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #rke_may2019 … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် အသီးသီးမှ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိလာသည့် စစ်တွေမြို့နယ်၊ ဃောသိတာရုံ ကျောင်းတိုက်၌ ထပ်တိုးလူဦးရေ (၁) ဦး၊ ရဲကျော်သူကျောင်းတိုက်၌ ထပ်တိုးအိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦး၊ ပါဒလိတ်ကျေးရွာ၌ ထပ်တိုးအိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦး၊ ငတောက်တက်ကျေးရွာ၌ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၃) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊မီးလောင်ကုန်းအုပ်စု၊ကြံခတ်ကွင်းအုပ်စု၊အိုးကွဲအုပ်စု၊ပတုပ်အုပ်စုတို့တွင်(၂၁-၅-၂၀၁၉)နေ့လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ေ ခြ(၃၄)လုံးနှင့်အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၉၂)လုံး၊ စုစုပေါင်းအိမ်ေ ခြ (၁၂၆)လုံး၊၎င်းအိမ်ထာင်စု(၁၂၆)စုရှိ လူဦးရေ(၄၅၀)ဦးတို့အတွက် (၃၂,၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး(၃၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၈,၅၀၉,၁၀၀)ကျပ်ဆန်ရိက္ခာဖိုး(၉၅၇,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၉,၄၆၆,၇၀၀)ကျပ်တို့ကို (၂၃-၅-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁၉၇၄) ဦးအတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဖိုး (၁၀,၆၁၂,၉၈ဝ/-) ကျပ်အား ကွင်းဆင်း ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_may2019 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်မြို့နယ်၊ဖားဆောင်းကျေးရွာအုပ်စု၊ ဘီဟီထာကျေးရွာတွင် (၂၁.၅.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၆)လုံးအတွက်အိမ်ဆောက်ပစ္စည်း ဖိုး (၁,၂၈၀,၀၀၀)ကျပ်၊ လူဦးရ(၁၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၃၃,၁၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁,၅၁၃,၁၀၀) ကျပ်တို့ကို (၂၃.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်မြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ ကျေးစာကျကျေးရွာတွင် (၂၂-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၃)စုအား တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၃၁၅၀၀/-) အား (၂၄-၅-၂၀၁၉) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်/ကျေးစာရေးတို့အား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2019 … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်၊ မျက်နီကွင်းကျေးရွာအုပ်စု၊ လှေဆွဲမြောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ (၁၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
