လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁၉၇၄) ဦးအတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဖိုး (၁၀,၆၁၂,၉၈ဝ/-) ကျပ်အား ကွင်းဆင်း ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_may2019
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)