လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်မြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ ကျေးစာကျကျေးရွာတွင် (၂၂-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၃)စုအား တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၃၁၅၀၀/-) အား (၂၄-၅-၂၀၁၉) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်/ကျေးစာရေးတို့အား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)