လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

24_Pic_01 24_Pic_02
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်မြို့နယ်၊ဖားဆောင်းကျေးရွာအုပ်စု၊ ဘီဟီထာကျေးရွာတွင် (၂၁.၅.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၆)လုံးအတွက်အိမ်ဆောက်ပစ္စည်း ဖိုး (၁,၂၈၀,၀၀၀)ကျပ်၊ လူဦးရ(၁၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၃၃,၁၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁,၅၁၃,၁၀၀) ကျပ်တို့ကို (၂၃.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events