လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်၊ မျက်နီကွင်းကျေးရွာအုပ်စု၊ လှေဆွဲမြောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ (၁၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)