တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် အသီးသီးမှ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိလာသည့် စစ်တွေမြို့နယ်၊ ဃောသိတာရုံ ကျောင်းတိုက်၌ ထပ်တိုးလူဦးရေ (၁) ဦး၊ ရဲကျော်သူကျောင်းတိုက်၌ ထပ်တိုးအိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦး၊ ပါဒလိတ်ကျေးရွာ၌ ထပ်တိုးအိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦး၊ ငတောက်တက်ကျေးရွာ၌ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၁၃) စု စာ၊ လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၄၅၉၀၀၀/-) ကျပ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာသို့ ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၅) စုစာ၊ လူဦးရေ (၁၀၃) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ထောက်ပံ့ငွေ (၉၂၇၀၀၀/-) ကျပ်တို့အား (၂၃-၅-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_otr

#rke_may2019

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events