လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ အောင်ချမ်းသားကွက်သစ်ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၀) စု၊ လူဦးရေ (၅၀၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)