လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၁၀) စုအတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကိုလည်းကောင်း၊ ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၅) စုအတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ ပေါက်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်မြောက်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၇၀) စုအတွက် သောက်သုံး ရေဂါလံ (၅၄၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ (၁၆၂၀၀) ကို ပေါက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်တို့ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
သောက်သုံးရေဖြန့်ဝေရာတွင် ပေါက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းသူ၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်သူသူ၊ စေတနာရှင်ပြည်သူများ၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်လင်း၊ ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့က ကျေးရွာများအရောက် ဖြန့်ဝေခဲ့ပါသည်၊၊
သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပကအဖွဲ့ ရေတိုင်၊ ရေစကြိုမြို့၊ မြသဇင် စက်သုံးဆီဆိုင် ရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြပါကြောင်းသတင်းရရှိပါသည်၊၊
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)