(၂၃.၅.၂၀၁၉)ရက်နေ့တွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် CERA အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားနှင့် အကြံဉာဏ်များ ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) အား ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အခမ်းအနားအဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ ဦးစီးအရာရှိမှ ဝန်ကြီးဌာန၊ ဦးစီးဌာန၏ လုပ်ငန်းစဉ်အကြောင်းအရာများရှင်းပြခြင်း၊ CERA အဖွဲ့အစည်းမှ တာဝန်ရှိသူများ အခမ်းအနားရည်ရွယ်ချက်များအား ရှင်းပြပေးခြင်းများပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း (၂၅)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူ း(၁၀)ဦး၊ စုစုပေါင်းလူဦးရေ(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)