Author Archives: Department of Disaster Management

  • မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉)ရက်နေ့ ညနေ (၁၄၁၅)အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထော်ကလို့ကျေးရွာအုပ်စု၊ ပုလုကျေးရွာတွင် ဦးအငယ်(ခ) ဦးစိုးဝင်းသည် လယ်ကန်သင်းရိုးပေါ်လမ်းလျှောက်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ပါသဖြင့် (၂၅-၆-၂၀၁၉)ရက်နေ့၌ ကျန်ရစ်သူမိသားစုထံသို့ သေဆုံးသူ (၁)ဦးအတွက်  ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ် အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၂၄-၆-၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ (၉)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာငွေကျပ် (၉၂,၄၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၉၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၉၉၂,၄၀၀)ကျပ်အား (၂၄-၆-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အလက(၅)၌ ကျောင်းသား/သူ (၂၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဖွဲ့နှင့်ပူးပေါင်း၍ ကသာမြို့နယ်၊ ပုလွေရွှေ ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှု များကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊  မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #sgg_june2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ ကချင်ရွာ၊ တာချီလိတ်ပရဟိတကျောင်း၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊  ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်းများဖြင့် ဆောင်ရွက်ခြင်းနှင့် လက်ကမ်း … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ASEAN-ERAT အဖွဲ့မှ လာရောက်တွေ့ဆုံ

    နေပြည်တော်၊ ဇွန် ၂၁ *လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ASEAN-ERAT အဖွဲ့ကိုယ်စားပြု၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန၊ ဌာနအကြီးအမှူး ဒေါက်တာစည်သူဖေသိန်းနှင့် AHA Center ၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာMr. Arnel Capili တို့ ဦးဆောင်သော အဖွဲ့က ယနေ့မွန်လွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။ *တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ASEAN-ERATအဖွဲ့က လာရောက် လေ့လာပြီးနောက် ထုတ်ပြန်ခဲ့သည့် … Read more

  • ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

    နေပြည်တော်၊ ဇွန် ၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနံက်ပိုင်းတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအခမ်းအနားသည် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့် စုံစုံညီညီတွေ့ဆုံ ရသည့်အတွက် အထူးမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါကြောင်း၊  ဝန်ထမ်း အားလုံးမှာ မိမိတာဝန်ကျရာနေရာတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ယုံသာမက မိမိတို့၏ အရည်အချင်းများကို မြင့်မားလာအောင် ကြိုစားဆောင်ရွက်ရင်း ထူးချွန်ထက်မြက်သော ဝန်ထမ်းများပေါ်ထွက်လာခြင်းမှာ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၊ အောင်မင်္ဂလာလူယ်ဖွံ့ဖြိုးရေးကျောင်းတိုက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊  ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်း များဖြင့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်၊ ထန်းတပင်မြို့နယ်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၁၅၀) ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ငလျင်ဘေးအန္တရာယ်နှင့် လုံခြုံမှုရှိရေးကြိုတင်ပြင်ဆင်ခြင်းများနှင့် ပတ်သက်၍ ဟောပြောခြင်း ၊ပညာပေးဗီဒီယိုပြသခြင်း၊ ဗွီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_jun2019 Source : ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events