ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ASEAN-ERAT အဖွဲ့မှ လာရောက်တွေ့ဆုံ

22_Pic_02

နေပြည်တော်၊ ဇွန် ၂၁

*လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ASEAN-ERAT အဖွဲ့ကိုယ်စားပြု၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန၊ ဌာနအကြီးအမှူး ဒေါက်တာစည်သူဖေသိန်းနှင့် AHA Center ၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာMr. Arnel Capili တို့ ဦးဆောင်သော အဖွဲ့က ယနေ့မွန်လွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။

*တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ASEAN-ERATအဖွဲ့က လာရောက် လေ့လာပြီးနောက် ထုတ်ပြန်ခဲ့သည့် ကနဦးလိုအပ်ချက်နှင့်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံ စာပါ အကြံပြုချက်များအား ဆက်လက်အကောင်အထည်ဖော်ရန်နှင့်ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များနှင့်ကျင်းပပြုလုပ်ခဲ့မှု အခြေအနေများ၊ ယင်းသို့ အကောင်အထည် ဖော်ရာတွင် တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုနှင့််အခက်အခဲများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့်ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ သတင်းအချက် အလက်ဖြန့်ဝေရေးနှင့်ရေရှည်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးလုပ်ငန်းများ တွင် အာဆီယံနှင့်မိတ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။

#hl1

#npw_jun2019

Source:  MSWRR

Sign Up

Upcoming Events