လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်၊ ထန်းတပင်မြို့နယ်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၁၅၀) ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ငလျင်ဘေးအန္တရာယ်နှင့် လုံခြုံမှုရှိရေးကြိုတင်ပြင်ဆင်ခြင်းများနှင့် ပတ်သက်၍ ဟောပြောခြင်း ၊ပညာပေးဗီဒီယိုပြသခြင်း၊ ဗွီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_jun2019
Source : ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)