လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ ကချင်ရွာ၊ တာချီလိတ်ပရဟိတကျောင်း၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်းများဖြင့် ဆောင်ရွက်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_june2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)