ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၂၄-၆-၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ (၉)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာတန်ဖိုး (၇)ရက်စာငွေကျပ် (၉၂,၄၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၉၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၉၉၂,၄၀၀)ကျပ်အား (၂၄-၆-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events