သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

22_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၊ အောင်မင်္ဂလာလူယ်ဖွံ့ဖြိုးရေးကျောင်းတိုက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊  ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်း များဖြင့် ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_june2019

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events