လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉)ရက်နေ့ ညနေ (၁၄၁၅)အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထော်ကလို့ကျေးရွာအုပ်စု၊ ပုလုကျေးရွာတွင် ဦးအငယ်(ခ) ဦးစိုးဝင်းသည် လယ်ကန်သင်းရိုးပေါ်လမ်းလျှောက်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ပါသဖြင့် (၂၅-၆-၂၀၁၉)ရက်နေ့၌ ကျန်ရစ်သူမိသားစုထံသို့ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ် အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။