လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဖွဲ့နှင့်ပူးပေါင်း၍ ကသာမြို့နယ်၊ ပုလွေရွှေ ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှု များကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_june2019
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)