နေပြည်တော်၊ ဇွန် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနံက်ပိုင်းတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ယခုအခမ်းအနားသည် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့် စုံစုံညီညီတွေ့ဆုံ ရသည့်အတွက် အထူးမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါကြောင်း၊ ဝန်ထမ်း အားလုံးမှာ မိမိတာဝန်ကျရာနေရာတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ယုံသာမက မိမိတို့၏ အရည်အချင်းများကို မြင့်မားလာအောင် ကြိုစားဆောင်ရွက်ရင်း ထူးချွန်ထက်မြက်သော ဝန်ထမ်းများပေါ်ထွက်လာခြင်းမှာ အင်မတန်မှ အားတက်စရာကောင်းပါကြောင်း၊ ဝန်ထမ်း သားသမီးများသည်လည်း ဘဝရပ်တည်နိုင်ရန်နှင့် တိုးတက်မြှင့်မားရန်အတွက် အသိပညာ အတတ်ပညာများ ပြည့်စုံရန် မဖြစ်မနေ ပညာသင်ကြားရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနသည် မိသားစုတစ်ခုသဖွယ် မိသားစုဖြစ်သည့် အတွက် မိသားစု၏လိုအပ်ချက်များကို မိသားစုဝင်များက နွေးထွေးစွာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ မိသားစုထဲမှ ထူးချွန် ထက်မြက်သောသူများ ထွက်ပေါ်လာခြင်းမှာ မိသားစုတစ်ခုလုံး၏ တိုးတက်မှု အောင်မြင်မှု တစ်ခုပင်ဖြစ်သည့် အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ယခုထက်ပိုမိုကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင်ထူးချွန်ဆုရသူ(၃)ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး တို့အား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်တက်ရောက်ကြမည့် ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေများကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကလည်းကောင်း၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်မှ အသင်းသားများ၏ သား/သမီးများအတွက် ပညာသင်ထောက်ပံ့ငွေ ကို ဒုတိယအမြဲတမ်းအတွင်းဝန်က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့အခမ်းအနားတွင် ပညာသင်ထောက်ပံ့ချီးမြှင့်ငွေကျပ် စုစုပေါင်း (၂၀၄၆၄၀၀၀ိ/-) (နှစ်ရာ့လေးသိန်း ခြောက်သောင်းလေးထောင်တိတိ)ဖြစ်ကြောင်း သိရှိရပါသည်။
#hl1_ar
#npw_jun2019
Source: MSWRR