Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၄၀) အချိန်မှ ညနေ (၁၅:၅၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ထောက်လျှာပင်ကျေး ရွာ၊ သနပ်ပင်ဆိပ်အနောက်ရွာ၊ သနပ်ပင်ဆိပ်အရှေ့ရွာ၊ မအူပင်ကျေးရွာ၊ ဆင်သေ‌ကျေးရွာ၊ ဈေးကုန်း‌ကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ နှမ်းတောကျေးရွာ၊ သကြားစက်ကျေးရွာ များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ မနက်ပိုင်း (၈:၃၀)နာရီအချိန် မှ (၁၁:၃၀)နာရီအချိန်အထိ ပလောက်မြို့၊ အမှတ်(၃)-(၄)ရပ်ကွက်နှင့် ထမင်းမစားကျေးရွာ- သစ်လှတောကျေးရွာတွင် လည်းကောင်း၊ နေ့လည်ပိုင်း (၁:၀၀)နာရီအချိန်မှ (၃:၀၀)နာရီအချိန်အထိ ပုလောမြို့နယ် ပုလောကုန်းကျေးရွာ – နတ်အိမ်ကန်ကျေးရွာ- ဝက်တိုးကျေးရွာ-တောင်ပုလဲကျေးရွံာ- ဂျင့်ဂါကျေးရွာ တို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားရေးမရှိစေရန် အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #tny_apr2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ (၁၅း၃၀)နာရီ မှ (၁၉း၃၀)နာရီအထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ မြို့ပင်ထောင်လောင်ဆောက်ကျေးရွာ၊ နာတိုက်ကျေးရွာနှင့် လောင်ပကျေးရွာများတွင် လှည့်လည်၍ covid_19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် /ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_apr2020

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့၌ ခန္တီးမြို့နယ်၊ ဟိန်စွန်း ကျေးရွာအုပ်စု၊ ဟိန်စွန်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀ဝ/-)ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန်ခြင်းအတွက် ထောက်ပံ့ငွေ(၂၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၁၀၀ဝ/-)ကျပ် တိတိအား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_apr2020

  • ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မံစီမြို့နယ်၊ မံစီမြို့၊ နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၁၇၇)စုအတွက် ဆပ်ပြာခဲ(၃၅၄)ခဲနှင့် mask (၃၅၄)ခု၊ မိုင်းခေါင်ကျေးရွာကက်သလစ်(RC) IDPစခန်းရှိ အိမ်ထောင်စု(၁၅၄)စုအတွက် ဆပ်ပြာခဲ(၃၀၈)ခဲနှင့် mask (၃၀၈)ခု၊  မိုင်းခေါင်နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စုအတွက် ဆပ်ပြာခဲ(၇၃၀)ခဲ၊ mask (၇၃၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_apr2020 Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာအုပ်စု ချိုင်ဇောက်(ထ)ကျေးရွာ၌ (၂၁.၄.၂၀၁၉)ရက်နေ့၊ ညနေ(၁၇း၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၄)ဦး မ(၃)ဦး၊ စုစုပေါင်း(၇)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)၊ စုစုပေါင်း(၃၄၇၀၀ိ/-)ကို (၂၂.၄.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅း၀၀)အချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ချိုင်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_apr2020 Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (၁၂-၄-၂၀၂၀) ရက်‌နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆၈)လုံး၊ လုံးဝပျက်စီးနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၅,၀၁၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးအဆောက်အဦ(၁)လုံး‌အတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ  (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၇၀)စုမှ လူဦးရေ (၃၃၄)ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၀၁,၄၀၀/-)ကျပ်တို့ကို (၂၁-၄-၂၀၂၀) ရက်နေ့နှင့် (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တို့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source:           … Read more

  • အခြားဘေးသင့်သေဆုံးပြည်သူအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော အခြားဘေးသင့်မှုကြောင့် သေဆုံးသွားသူ၏ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-)ကျပ်အား (၂၂-၄-၂၀၂၀)ရက်နေ့ နေ့လယ် (၁၅:၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုလက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #bgo_apr2020 Source:           ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု(၆) စုရှိ ကျေးရာ(၁၂)ရွာတို့တွင် လူနေအိမ်(၁၈၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၇၁၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၂၀,၀၀၀/-) ကျပ်နှင့် ပွင့်ဖြူမြို့နယ်၊ (၂၁-၄-၂၀၂၀)ရက်နေ့၊လေပြင်းဘေးကြောင့် အမိုးလန်လူနေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆၀,၀၀၀/-)ကျပ်တို့ကို(၂၂-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ၊ ဂျန်မိုင်ကောင်းနှစ်ခြင်း၊ ဂျန်မိုင်ကောင်း RC ၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူသီတာအေး IDPs စခန်းများရှိ အိမ်ထောင်စု (၃၉၉) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆပ်ပြာ (၂) ခဲနှုန်းနှင့် mask (၂) ခုနှုန်း စုစုပေါင်း ဆပ်ပြာ (၇၉၈) ခဲ၊ mask (၇၉၈) ခုနှင့် ဂျန်မိုင်ကောင်းနှစ်ခြင်းစခန်းအတွက် Non-Contact Infrared Thermometer (၁)ခုကို … Read more

Sign Up

Upcoming Events