ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မံစီမြို့နယ်၊ မံစီမြို့၊ နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၁၇၇)စုအတွက် ဆပ်ပြာခဲ(၃၅၄)ခဲနှင့် mask (၃၅၄)ခု၊ မိုင်းခေါင်ကျေးရွာကက်သလစ်(RC) IDPစခန်းရှိ အိမ်ထောင်စု(၁၅၄)စုအတွက် ဆပ်ပြာခဲ(၃၀၈)ခဲနှင့် mask (၃၀၈)ခု၊  မိုင်းခေါင်နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စုအတွက် ဆပ်ပြာခဲ(၇၃၀)ခဲ၊ mask (၇၃၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_apr2020

Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events